ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံပညာအထက်တန်း ကျောင်းဆောင် ပြုပြင်မွမ်းမံမှု ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။စာသင်ကျောင်းဆောင် မွမ်းမံတည်ဆောက်ပြုပြင်မှုအတွက် တရုတ်နိုင်ငံ၏ ကူညီလှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအတွက်လည်း ပိုမိုနက်ရှိုင်းစွာ အကျိုးရှိစေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် ၁၄ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွင် ခေါင်မိုးအသစ်မိုးခြင်း၊ စာသင်ဆောင်ရှေ့တွင် သဲဖို့ကွန်ကရစ်လောင်းခြင်း၊ ကျောင်းဆောင်ယာဘက်ရေကန်အား သဲဖို့ခြင်း၊ မှန်ပြတင်းများပြုပြင်ခြင်း စသည်တို့ပါဝင်ကြောင်း ဦးစိုးသိန်းက […]
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် စစ်ကောင်စီနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိရမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းပြော – Ayeyarwaddy Times Source link
မူဆယ်၊ အောက်တိုဘာ ၁၈ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ရွှေလီမြို့ နုန်မော်ဟူပန်းခြံအရှေ့တံခါးရင်ပြင်၌ မြန်မာ-တရုတ်နှစ်နိုင်ငံ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရေးအားကစားပွဲတော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြသည်။ အားကစားပွဲတော်တွင် တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲကော်မတီ ဒုအတွင်းရေးမှူး၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူးမစ္စတာဝေကန်းမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ယူနန်ပြည်နယ် မသန်စွမ်းသူဖက်ဒရယ်အတွင်းရေးမှူး၊ ကောင်စီဝင်ချုပ် မစ္စတာ ရွှီဆောက်ဝင်မှ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ကူမင်းဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းက ကျေးဇူးတင်အမှာစကား ပြောကြားသည်။ ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲ ကော်မတီဒုအတွင်းရေးမှူး ပြည်နယ်ခွဲပါတီ ပြန်ကြားရေးဦးစီးဌာန၊ ပြန်ကြားရေးမှူး မစ္စတာဆွန်ကျဲမှ မြန်မာနိုင်ငံ မူဆယ်မြို့ မသန်စွမ်းသူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ […]