ylliX - Online Advertising Network

မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၂၄

ရွေးကောက်ပွဲတိုင်း ကိစ္စထားတွက်ချက်လေ့ရှိသည့် စီးပွားရေး၊ နိုင်ငံခြားရေး၊ တိုင်းပြည်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး စသည်ရှေးရိုးပုံစံ တို့မှ လွှဲ၍ ယခုနိုဝင်ဘာ၅ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် မတူသည့်ရှု့ထောင့်မှ ရေးချပေးပါမည်။ “မဲဝယ်/မဲဆွယ် ဘီလီယံနာနှင့် ဆယ်လက်ဘ်(celebrity)”ယခုနှစ်အကြိမ်ရွေးကောက်ပွဲ၏ကန်ပိန်းသုံးငွေမှာ အမေရိကသမိုင်းတွင် အများဆုံးဖြစ်ပုံရသည်။ ၂၀၂၀ ကဲ့သို့ ဘီလီယံနာကြီးများ ကိုယ်တိုင်ဝင်မပြိုင်တော့ပဲ ငွေပုံ၍ “Kingmaker” လုပ်နေကြခြင်းဖြစ်၏။ ယခုနှစ်ထူးခြားသူများအဖြစ် အီလွန်မတ်စ် နှင့် ဘီလ်ဂိတ်တို့ကိုတွေ့ကြရမည်။ ယခုထိ အီလွန်မတ်စ်မှ ရီပါ့ဗလစ်ကန်ပါတီသို့ ဒေါ် လာ ၁၃၂သန်း ထည့်ဝင်ထားပြီး ဘဏ်သူ‌‌ဋ္ဌေး တင်မသီမဲလ်လွန်၏ သန်း၁၅၀ နောက်မှ ဒုတိယအများဆုံးဖြစ်နေသည်။ ဒီမိုကရက်ဖက်မှာမူ ဘီလ်ဂိတ်မှ သန်း၅၀ နှင့် တဦးသာထင်ရှားရှိသည်။ အောက်တိုဘာလဆန်းပိုင်းက သန်း၄၀ လှူတန်းသူရှိသော်လည်း အမည်မကြေညာပေ။ ပုံမှန်ပါတီဘက်လိုက်လှူနေကျ ဝရမ်ဘူဖေး၊ မက်ခ် ဇက်ကာဘတ်ဂ်နှင့် ဂျက်ဖ်ဘေဇိုစ် […]