ylliX - Online Advertising Network

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မြန်မာက ဆီးရီးယားကိုကျော်တက် – Western News

ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ “မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း ICBL စစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က […]

မြန်မာက မြေရှားသတ္ထုထုတ်လုပ်မှု ရပ်တန့်သွားလို့ ကမ္ဘာမှာ ဈေးနှုန်းမြှင့်တက်

မြန်မာနိုင်ငံမြောက်ပိုင်းက မြေရှားသတ္ထု အဓိကထွက်ရှိရာနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း တူးဖော်မှုတွေ ရပ်တန့်ခဲ့တာကြောင့် နိုဝင်ဘာလဆန်းပိုင်းမှာပဲ မြေရှားသတ္ထုတန်ဖိုးတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။   တရုတ်နိုင်ငံက မြေရှားသတ္ထုရောင်းဝယ်သူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ဈေးနှုန်းတွေ တိုးမြှင့်ခဲ့သလို အခုနိုဝင်ဘာလမှာလည်း ဈေးတွေ ထပ်ပြီးတိုးမြှင့်ခဲ့သေးတာကြောင့် မြေရှားသတ္ထုဟာ သုံးလဆက်တိုက် စျေးတွေ ထိုးတက်ခဲ့ပါတယ်။   ဥပမာအနေနဲ့ တရုတ်အစိုးရပိုင် Inner Mongolia Baotou Steel Rare-Earth ကုမ္ပဏီဟာ သောကြာနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ အခုလအတွက် မြေရှားသတ္ထုဈေးနှုန်းတွေကို ကြေညာခဲ့ပြီး PrNdO လို့ အတိုကောက်ခေါ်တဲ့ ပရာဆီယိုဒိုင်မီယံ နီယိုဒိုင်မီယံ အောက်ဆိုဒ် အပါအဝင် ထုတ်ကုန်တချို့ရဲ့ စျေးနှုန်းတွေ လအလိုက် အနည်းငယ် မြင့်တက်လာတာကို […]

မြန်မာက တင်သွင်းလာတဲ့ သား ငါးထုတ်ကုန်တွေ မစားဖို့ အမေရိကန် FSIS ထပ်မံသတိပေး

၂၅. ၁၀. ၂၀၂၄Written by Tha Doe မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ မုန့်ဟင်းခါး၊ အမဲသား၊ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း အမေရိကန် အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS (food safety and inspection service) က သတိပေးတားမြစ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံက FSIS က အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ Best အသားဟင်း စည်သွပ်ဗူးအမဲနှပ်၊ ဘဲသွေးနဲ့ ရှယ်ကြက်သားဒံပေါက်၊ ထိမိဂွိမော်လမြိုင်မုန့်ဟင်းခါး၊ အိမ်ချက် မုန့်ဟင်းခါးဟင်းရည်အနှစ်နဲ့ အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်၊ မင်းသားကြီး ငါးကျည်းကျက် ငါးခြောက်စတဲ့ စားသောက်ကုန်တွေပါဝင်ပါတယ်။ ဒီထုတ်ကုန်တွေမှာ တရားဝင်ခွင့်ပြုချက်မပါသလို၊ USDA စစ်ဆေးချက်အမှတ်အသားလည်း မပါဘူးလို့ သတိပေးချက်မှာဖော်ပြထားသလို […]