ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများနှင့် ပတ်သက်သော“ဆွေးနွေးပွဲတစ်ခု စတင်ရန်အချိန်ရောက်ပြီ” ဟု အောက်တိုဘာ ၂၆ ရက် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ယခင် ကိုလိုနီနိုင်ငံအများအပြားကို မျက်နှာမူရာတွင် ဗြိတိန်ဘုရင် တတိယချားလ်စ်သည် အစည်းအဝေးတွင် ဗြိတိန်နိုင်ငံ၏ ကျွန်ကုန်သွယ်မှုသမိုင်းအတွက် တောင်းပန်ခြင်း မရှိခဲ့ကြောင်း၊ ဗြိတိန် ၀န်ကြီးချုပ် ကီယာစတားမာကလည်း ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများကို ဆွေးနွေးရာတွင် “ငွေကြေးနှင့် မပတ်သက်ကြောင်း” အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။ ဗြိတိန်ဘုရင်က တောင်းပန်ခြင်း မရှိ ယခုနှစ် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးကိုပစိဖိတ်ကျွန်းနိုင်ငံ ဆာမိုအာတွင် ကျင်းပခဲ့သည်။ ဗြိတိသျှဓနသဟာယသည် ဗြိတိန်နိုင်ငံနှင့် လက်ရှိတွင် လွတ်လပ်ရေးရရှိထားသော ယခင်ဗြိတိန်ကိုလိုနီနိုင်ငံများ သို့မဟုတ် ဩဇာခံနိုင်ငံများ ပူးတွဲထားသည့် အစုအဖွဲ့ဖြစ်ပြီး လက်ရှိတွင် […]
“Sold Out များနှင့် ကခုန်ခြင်း”ကာတွန်း – လက်ပံတန်း#Ayeyarwaddy_Times #ကာတွန်း #လက်ပံတန်း The post “Sold Out များနှင့် ကခုန်ခြင်း” appeared first on Ayeyarwaddy Times. Source link