ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။ ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။ “ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။ ၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ […]
[Unicode] သင်သည် အလုပ်တွင် အခက်အခဲ ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည် ဆိုကြပါစို့။ သင်သည် စားပွဲတွင် ၁၀ မိနစ်ခန့် ထိုင်တာ အဖြေရှာရန် နည်းလမ်းကို ခေါင်းမီးတောက်မတတ် တွေးတောသော်လည်း အဖြေရှာမရ။ ထိုအခါ သင်မည်သို့ လုပ်ဆောင်မည်နည်းဟူသော မေးခွန်းရှိသည်။ အကယ်၍ သင်သာ စတိဗ်ဂျော့ဆိုပါက အဖြေမှာ ရိုးရှင်းလွယ်ကူသည်။ စားပွဲမှထကာ လမ်းထွက်လျှောက်ခြင်း ဖြစ်၏။ “အလေးအနက်ဆွေးနွေးဖို့ ခပ်ဝေးဝေးလမ်းလျှောက်တာဟာ သူအကြိုက်ဆုံးနည်းလမ်းပါ” ဟု စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သော စာရေးဆရာ ဝေါလ်တာ အိုက်ဆက်ဇန်က ပြောသည်။ “ကျွန်တော်တို့ အတူရှိခဲ့တဲ့ အချိန်အများစုမှာ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်ခဲ့ကြပါတယ်” ဟု ဂန္ထဝင် ဒီဇိုင်နာ Jony Ives က ပြောသည်။ စတိဗ်ဂျော့နှင့် ပတ်သက်သည့် မည်သည့်စာအုပ်ကို […]