၂၃.၁၀. ၂၀၂၄Written by Shwe Phyo မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ (SAR)များသည် မြစ်အတွင်းပြုတ်ကျကာ ပျောက်ဆုံးနေသည့် မြန်မာ နိုင်ငံသားသင်္ဘောသားတစ်ဦးကို ရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ အောက်တိုဘာ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံသားတစ်ဦး မြစ်အတွင်း ပြုတ်ကျခဲ့သည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ (SAR)က ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ တွေ့ရှိခြင်းမရှိသေးကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။ မြစ်အတွင်းပြုတ်ကျခဲ့သူသည် အသက် ၄၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဦးမင်းဝေလင်း ဆိုသူဖြစ်ပြီး Taman Susur Jambu ဆိပ်ကမ်းအနီးရှိ ဆိပ်ခံတံတားနားတွင် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့က “အဖွဲ့ဝင် ၂၆ ဦးနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားကို ရှာဖွေနေတယ်။ မြစ်အတွင်းပြုတ်ကျခဲ့တဲ့ နေရာကနေ ၅ ကီလိုမီတာ အတွင်းမှာ […]