ylliX - Online Advertising Network

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား | Popular

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ “မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်သူ လယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ […]