ylliX - Online Advertising Network

ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။   ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။   ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။   “အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် […]