ylliX - Online Advertising Network

စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ ခြုံခိုတိုက်ခိုက်ခံရသော အင်အား ၄၀ ခန့်ရှိစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံ တပ်များနှင့် […]

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။   ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]

အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ […]