သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့ ချောင်းရေတက် ပြီးတော့ မြေနိမ့်ပိုင်းက အိမ်တွေကိုရေဝင်တာပေါ့။ဒီမနက်မှာပဲ ရေတွေစတက်တာ။မနေ့ကလည်း တနေကုန်တညလုံးမိုးရွာနေတော့ ရေစတက်တာပဲ။အခုထိမိုးရွာတုန်းဆိုတော့ အရင်တခါလိုဖြစ်မလားမပြောတက်ဘူး။ရေတွေက ဆက်ပြီးတက်နေတုန်း”ဟု မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မောက်မယ် လက်ရှိ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ပြည်သူအချို့သည် ကုန်မြင့်ပိုင်းရှိ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး မိုးများဆက်လက်ရွာသွန်းနေသောကြောင့် ရေများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆင်ပြောသည်။ “ဟို့တစ်ကြိမ်က ရေကြီးလို့ […]