ylliX - Online Advertising Network

ဘာသာရေး သူပုန်သူကန်တွေ အကြောင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ကိုးကွယ်ရာဘာသာသာသနာများကို ပြဋ္ဌာန်းထားတယ်။ အဲဒီပြဋ္ဌာန်းချက်တွေ မှာ ဗုဒ္ဓဘာသာလို့ ဖော်ပြထားလို့ ဓမ္မဝါဒဗုဒ္ဓဘာသာ အဓမ္မဝါဒဗုဒ္ဓဘာသာ ၂ မျိုးစလုံး ပါတယ်လို့ ထင်ရ ဖွယ်ရှိပါတယ်။ အဲသလိုထင်ရင် အဲဒီအထင်ဟာ လုံးဝ မှားပါတယ်။  ၁၉၈၀ ခုနှစ် ၁၉၈၃ ခုနှစ်တွေမှာ ဝိနည်းဓမ္မကံ ဥပဒေ ၂ မျိုး ပြဋ္ဌာန်းထားပါတယ်။ အဲဒီဥပဒေတွေမှာ အဓမ္မဝါဒ အယူအဆတွေ ဟောပြောချက်တွေ ရေးသားချက်တွေနဲ့ ပတ်သက်လို့ ထောင်ဒဏ် ၅ နှစ်အထိ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက်ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်က ဓမ္မဝါဒ ဗုဒ္ဓဘာသာကိုသာလျှင်  ကိုးကွယ်ရာဘာသာသာသနာအဖြစ် အသိအမှတ် ပြုထားတယ်လို့ ကောက်ယူရမှာ ဖြစ်ပါတယ်။  အဓမ္မဝါဒ ဗုဒ္ဓဘာသာ […]