စီးပွားရေးလုပ်ငန်းတွေအတွက် Cybersecurity ဆိုတာ အင်မတန် အရေးကြီးပါတယ်။ Cybersecurity ဆိုတာ ကုမ္ပဏီလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဒေတာအချက်အလက်တွေ၊ အကြောင်းအရာတွေကို ပြင်ပဆီပေါက်ကြားတာ၊ ခိုးယူခံရတာ၊ ဖျက်ဆီးပစ်ခံရတာ၊ ဝင်ရောက်နှောက်ယှက်ခံရတာတွေ မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက်ပါ။ ဘယ်လိုကာကွယ်မှုတွေပေးနိုင်လဲဆိုရင် ___ ▪️ကုမ္ပဏီရဲ့ဒေတာတွေလုံခြုံဖို့ – ကုမ္ပဏီရဲ့အရေးကြီးတဲ့ အချက်အလက်တွေမပေါက်ကြားစေဖို့၊ ပြင်ပတဦးတယောက်ကနေ ဝင်ရောက်ခိုးယူတာတွေမဖြစ်စေဖို့။ ▪️ငွေကြေးဆုံးရှုံးမှုတွေမဖြစ်စေဖို့ – ဒေတာတွေခိုးယူရာမှတဆင့် နောက်ဆက်တွဲပြဿနာတွေကတော့ ငွေကြေးဆုံးရှုံးနစ်နာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပြောရရင်တော့ ကိုယ့် Client တွေရဲ့ဒေတာတွေခိုးယူတာ၊ Marketing Plan တွေသတင်းနှိုက်သွားတာမျိုးပေါ့။ ဒီလိုကိစ္စရပ်တွေ မဖြစ်စေဖို့။ ▪️ကုမ္ပဏီထိခိုက်နစ်နာမှုတွေမဖြစ်စေဖို့ – နောက်ဆက်တွဲအနေနဲ့ Client တွေရဲ့ယုံကြည်မှုပျက်ပြားတာ၊ ကုမ္ပဏီနာမည်အလွဲသုံးစားလုပ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ရေရှည်စီးပွားရေးထိခိုက်မှုတွေမဖြစ်စေဖို့။ Cybersecurity ကိုဒီ့ထက် အသေးစိတ်ကျကျလေ့လာဖို့၊ ပညာရပ်တခုအနေနဲ့ အသုံးချနိုင်ဖို့ […]