ylliX - Online Advertising Network

ဘုတလင်မြို့ စစ်တပ်ဝင်သွားသည့်ရွာတွင်  တစ်ဦးသေ၊ အိမ် ၃၀ ကျော် မီးလောင် – Myanmar Now

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ  ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား  ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။  ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု  ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။  “ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် […]

ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

“ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်” ကျော်ရန်နိုင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို […]