စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်စီးနေလို့ ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံစစ်ဘေးရှောင် ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့က ကူတော်ရွာကနေ ဘုတလင်မြို့ပေါ်ကို အသွား လမ်းခုလတ်ကွင်းပြင်မှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခု ပျက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါကြောင့် အခုစစ်ကြောင်းဟာ အဲဒီအနီးနားက ကျေးရွာတွေကို အောက်တိုဘာ ပထမပတ်အတွင်းကစပြီး အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ လူသားဒိုင်းလုပ်ဖို့ ခေါ်ဆောင်တာတွေ ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။ လတ်တလော စီပါ၊ တက်လှိုင်း၊ ပဲပြစ်တော၊ မြောက်ကျီ၊ ရွာရှည်၊ ကျို့ကုန်း၊ ငပုယင်း၊ ကြွက်သေချောင်း၊ မောင်းထောင်၊ ဆယ်ဝ၊ သပြေပင်၊ ရှမ်းတဲ၊ ရွာသာ၊ ဖျောက်ဆိတ်ကုန်း၊ […]