မြန်မာရွှေ့ပြောင်းနဲ့ ခိုးဝင် ခုနစ်သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလထဲ ပန်းရောင်ကတ်(ဘတ်)(ခေါ်) နေထိုင်ခွင့်လက်မှတ်တွေ လုပ်ပေးတော့မယ်လို့ ထိုင်းအစိုးရက တရားဝင်ကြေညာပါတယ်။ မြန်မာ၊ ကမ္ဘာဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘတ်တွေကို ဒီနှစ် ၂၀၂၄၊ ဒီဇင်ဘာလ ၃၀ ရက်အထိ လုပ်ပေးမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။ ဘယ်နေ့စလုပ်ပေးမယ်ဆိုတာမထည့်သွင်းထားပေမဲ့ လုပ်ငန်းစဥ်စတင်မယ့်ရက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်အကိုင်ဌာနကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ပန်းရောင်ကတ်လုပ်ပေးသူ ပွဲစားတွေကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အထောက်အထားသစ်လျှောက်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နာမည်စာရင်းကောက်ယူမယ်လို့ ပြောဆိုနေကြပါတယ်။ အခုထုတ်ပေးမယ့် အထောက်အထားသစ်ရရှိသူတွေဟာ ထိုင်းနိုင်ငံထဲမှာ ၂၀၂၆ ခုနှစ်၊ […]