Credit to Popular Journal – ပြည်ပတွင် ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဘဏ်များမှတဆင့် လုပ်ခလစာလွှဲပို့သူများကို လျှပ်စစ်ကားနှင့်လျှပ်စစ်ဆိုင်ကယ်တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) – တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ (၂) သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ (၅) သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်းဖြင့် […]