၉. ၁၁. ၂၀၂၄Written by Nyein Kyaw ဒေါ်လာဈေး တည်ငြိမ်နေမှု၊ ကားဈေးနှုန်းပြန်ကျနေချိန် မြန်မာငွေကြေးအချို့ ဖျက်သိမ်းမည်နှင့် ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည်ဆိုသည့် ကောလာဟလများ ထပ်မံထုတ်လွှင့်လာ၍ အဆိုပါသတင်းမှာ မမှန်ကန်ကြောင်းနှင့် ပြည်သူများ မယုံ ကြည်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးဖြေကြားထားသည်။ ဗဟိုဘဏ်၏ ဖြေကြားချက်မှာ “နိုင်ငံတော်တွင် ငွေရေးကြေးညရေးကဏ္ဍ တည်ငြိမ်နေမှုအား မလိုလားသူများက တည် ငြိမ်မှုပျက်ပြား၍ နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ လှုံ့ဆော်နေမှုအား ပြည်သူများ နားမယောင်၊ မယုံကြည်ကြပါရန်” မီဒီယာများသို့ ဖြေကြားထားသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာနှင့် ဂရုများတွင် မြန်မာငွေကြေးအချို့ ဖျက်သိမ်းနိုင်ပြီး အသစ်များ အစားထိုးနိုင်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဖြစ်ကြောင်းကို ဗဟိုဘဏ်မှ သိရှိရကြောင်း စသည့် […]
တရုတ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍနှင့် ဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အဖွဲ့အစည်းများအား တံခါးဖွင့်မှုကို တဖြည်းဖြည်း အားပေးမြှင့်တင်ကာ ပြည်တွင်းနှင့် ပြည်ပမှ ဘဏ္ဍာရေးဈေးကွက်များအကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်ထံမှ သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YAZ……………………………………………………………….(English Version)China to steadily push forward financial opening up: central bankChina will steadily promote institutional opening up of the financial service sector and the financial market, and expand connectivity between domestic and overseas financial markets, according to […]
သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ဗဟိုဘဏ် ထပ်မံရောင်းချပေးမည် – Myanmar Transparency News Source link
၂၅. ၁၀. ၂၀၂၄Written by Nyein Kyaw ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် FX Trading Platform မှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကြေးများကို ရောင်းချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအတွင်း အမေရိဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်)ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading Platform တွင် ဝယ်ယူရရှိနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။ AD လိုင်စင်ရဘဏ်များ၏ […]