ylliX - Online Advertising Network

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ နိုဝင်ဘာ ၂၂ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၈ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် ယနေ့ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူးက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထိုနောက် တွေ့ဆုံဆွေးနွေးရာ၌ ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချက်အချာကျသည့်နေရာတွင် တည်ရှိပြီး ခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ချုံချင့်မြို့သို့ ခရီးစဉ်လာရောက်မှုသည် မြန်မာ – ချုံချင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့်အခြေအနေများနှင့် ချုံချင့်မြို့နယ်အနေဖြင့် ၎င်းတို့၏ နည်းပညာအားသာချက်များ၊ လမ်းပန်းဆက်သွယ်မှုအချက်အချာာကျသည့် အားသာချက်များအပေါ်တွင်မူတည်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အလားအလာများ၊ မြန်မာနိုင်ငံနှင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ […]

ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူ –

မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သည့် လာအိုဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီ – ကျောက်ဖရား -မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု […]