RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ […]
◾ လက်ရှိတိုက်ပွဲအတွင်း CNA/CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်း ရေးသားနေကြ ၂၄.၁၀.၂၀၂၄Written By Zun ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဗိုလ်ကြီး ဆလိုင်း မင်းထွန်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းမှာ ပလက်ဝမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ထန်တလန်မြို့တစ်နေရာ၌ သေဆုံးခဲ့ကာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ သေဆုံးသည့် ဆလိုင်းမင်းထွန်းမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ရွာဇာတိဖြစ်ကြောင်း၊ လွန်ခဲ့သော၂၀၁၃ ခုနှစ်ကပင် CNA သို့ ဝင်ရောက်ခဲ့ရာ CNA ရဲမေတစ်ဦးနှင့် အကြောင်းပါကာ […]