ylliX - Online Advertising Network

ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်

Credit to Popular Journal – စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်‌ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။ […]