ချင်းတော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့ ချင်းပြည်၊ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖလမ်းမြို့တွင်း တိုက်ပွဲတွေပြန်စခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဖလမ်းမြို့မရဲစခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “အဲဒီ ၈ ရက်နေ့ညမှာပဲ ကလေးအမြောက်တပ်ကနေ မစ်ဇိုင်းဒုံးနဲ့ သုံးကြိမ်လောက် […]
ချင်းပြည်၊ ဖလမ်းမြို့မှာ နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်၊ မနက် ၉ နာရီမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ရှိသူထံက သိရပါတယ်။ ဖလမ်းအခြေစိုက် စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းဟာ အင်အား ၄၀ ခန့်နဲ့ အထက (၁) ကျောင်းဘက်မှာ ခြေကုပ်နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးအလာ CNDF က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်။ ရာသီဥတုက အတော်ဆိုးတော့ ထိခိုက်မှုအခြေနေမသိရဘူး”လို့ CNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ […]