ylliX - Online Advertising Network

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့် – Western News

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ” စစ်တွေမှာက MPT ဖုန်းလိုင်းကတော့ ရနေသေးတယ်။ Mytel […]