ylliX - Online Advertising Network

ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန် – သျှမ်းသံတော်ဆင့်

နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယ ကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်” ဟု ၎င်းကဆိုသည်။ ထို့အပြင်“တိုင်းရင်းသား အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့် တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခများ […]

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ဖို့အတွက် အဂတိ တရားလေးပါးနဲ့ ဘက်လိုက်ခြင်းကင်းတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ဖို့ ဖိတ်ခေါ် –

ယခုနှစ်ရုပ်ရှင်ထူးချွန်ဆုတွေကို ရွေးချယ်ဖို့အတွက် အကဲဖြတ်ပညာပြည့်ဝတဲ့ ဘက်လိုက်ခြင်းကင်းတဲ့ သူတွေကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ “ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်လုပ်ငန်း” အတွက် ပါဝင်စေဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်လျှက်ရှိပါတယ်။ “ကျွန်တော်တို့ကတော့ ကိုယ့်ရုပ်ရှင်လောက တက်သစ်စလူငယ်တွေ၊ အကယ်ဒမီဆုရရှိထားတဲ့သူတွေ၊ အကယ်ဒမီ ဆုမရသေးလည်း အနုပညာသက်တမ်း ၁၀ နှစ်အထက် ရှိသူတွေကို ဖိတ်ခေါ်တာပါ။ ကိုယ့်ဆန္ဒတွေ၊ ဒေါသ၊ မောဟတွေနဲ့ အဂတိတရားကင်းမယ်သူတွေ နောက် သတ်မှတ်စည်းမျဉ်းအတိုင်း ပါဝင်စေချင်တယ်။ ဒီ ဇာတ်ကားကို အချိန်ပေးပြီး ကြည့်ရှုနိုင်ရမယ်။ တကယ်တော့ အကယ်ဒမီအကဲဖြတ်ချိန်နီးရင်တော့ မရှိတော့လည်း ကိုယ့်အစည်းအရုံးလူတွေပဲ လုပ်ခဲ့ရတယ်။ တခြား အနုပညာရှင် အတတ်ပညာရှင်တွေကိုလည်း ပါဝင်စေချင်တာပါ။ ကျွန်တော်တို့က အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကို အဆင့် ၃ ဆင့်အထိ အလွှာအသီးသီးက ကြည့်ရှုရမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတီယဥက္ကဋ္ဌဦးအေးကြူလေးက ပြောပါတယ်။ […]