အူရီဒူးမြန်မာသည် ဆုကြေးငွေ ကျပ်သိန်း ၃၂၀ အထိ ပေးအပ်သွားမည့် “Gameverse Champion League” ပြိုင်ပွဲကြီးကို တက်လှမ်းနိုင်မည့် Mobile Legends: Bang Bang (MLBB) ၊ PUBG Mobile နှင့် Casual Games များ ပါဝင်သည့် Regional esports ပြိုင်ပွဲများစွာကို တိုင်းနယ်ပြည်နယ်များတွင် ကျင်းပလျက်ရှိပါသည်။ ဤဒေသတွင်း ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသလိုသော ကစားသမားများအတွက် အထူးအခွင့်အရေးကြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တက်သစ်စ esports ကြယ်ပွင့်များကို ဖော်ထုတ်မြှင့်တင်ပေးရန် ရည်ရွယ်ထားသည့် Gameverse Champion League ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ အဆိုပါ Regional esports ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း […]
MPT က ၂၀၂၄ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ၏ ကံထူးရှင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်၌ ရန်ကုန်မြို့ရှိ၊ MPT ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စုစုပေါင်း ကျပ် သိန်း (၁၁၀) ကျော် တန်ဖိုးရှိ ကံထူးဆုများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆုများမှာ_ ပထမဆု- ရွှေ (၁) ကျပ်သား လက်ကောက် ၁ ဆု ဒုတိယဆု- Bashan တံဆိပ် မော်တော်ဆိုင်ကယ် ၁ ဆု တတိယဆု- Hisense တံဆိပ် လက်မ ၄၀ […]
အက်တမ် (ATOM) သည် Great Place to Work® ၏ ယုံကြည်မှုညွှန်းကိန်း (Trust Index Survey) စစ်တမ်းတွင် ရလာဒ် ၈၅ ရာခိုင်နှုန်းရရှိ အက်တမ် (ATOM) သည် Great Place to Work® အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းမှု ခရီးစဉ်တွင် မိမိတို့၏ ဝန်ထမ်းများကို ဦးစားပေးကာ အပြုသဘောဆောင်သော လုပ်ငန်းခွင် ယဉ်ကျေးမှုကို ကျင့်သုံးခဲ့ ဝန်ထမ်းများ၏ အောင်မြင်တိုးတက်မှုနှင့် အပြုသဘောဆောင်သော စံပြလုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကာလအပိုင်းအခြားအတွက် အလုပ်လုပ်ကိုင်ရန် […]
TikTok သည် မြန်မာ့အသုံးပြုသူအသိုင်းအ၀ိုင်းကြားတွင် ဖျော်ဖြေရေးအတွက်သာမက ပညာရေးနှင့် အသိပညာမျှဝေပေးရာအတွက်ပါ အသုံးပြုကြသည့် ပလက်ဖောင်းတစ်ခုအဖြစ် လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။ တီထွင်ဖန်တီးမှုနှင့် လူအများ အပြန်အလှန်ဆက်သွယ်နိုင်သော နေရာတစ်ခုအဖြစ် ဖော်ဆောင်မည်ဆိုသော ကတိကဝတ်ဖြင့် TikTok သည် အသုံးပြုသူများအတွက် အမျိုးမျိုးသော အကြောင်းအရာများကို ခံစားနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ အကြောင်းအရာအမျိုးမျိုး၏ အသေးစိတ်အချက်အလက်များကို ပျော်စရာကောင်းပြီး လက်လှမ်းမီစေရန် မျှဝေရာတွင် ဗီဒီယိုဖန်တီးသူ Creator များသည် အရေးပါသည့် အခန်းကဏ္ဍက ပါ၀င်ကြပြီး ထိုကဲ့သို့ တီထွင်ဖန်တီးမှုနှင့် ပညာရေးတို့ ဆုံတွေ့အားကောင်းစေရန် TikTok က အထောက်အပံ့ပေးလျက်ရှိပါသည်။ ထို့ကြောင့် TikTok အနေဖြင့် အသုံးပြုသူအသိုင်းအ၀ိုင်းအတွက် အရေးကြီးသော အကြောင်းအရာများကို စူးစမ်းလေ့လာရန် အသိပညာပေးပြီး တီထွင်ဖန်တီးနိုင်စွမ်းကို ခွန်အားပေး လှုံ့ဆော်ပေးသော […]
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် […]
OPPO A3 ဖုန်းဟာ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမာကြောဆုံး ဖုန်းတစ်လုံးဖြစ်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်ထဲသို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အခု ထွက်ရှိလာတဲ့ OPPO A3 ဟာ ဘက်စုံသုံးနိုင်ရုံ သာမက နေ့စဉ်ခံနိုင်ရည်နဲ့ တာရှည်ခံမှုအတွက် ဒီဇိုင်းထုတ် ဖန်တီးထားပြီး Military-Grade Shock Resistance နဲ့ Multiple Liquid Resistance ပါရှိတဲ့အပြင် ပျက်စီးမှုဒဏ်ခံနိုင်တဲ့ ကိုယ်ထည်၊ ၊ 45W SUPERVOOC Flash Charge နဲ့ ကြာရှည်ခံနိုင်ပြီး […]