ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat mare)နဲ့ မဆွမ်ဇွမ်(Masum Zup) ကျေးရွာတဝိုက် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆင်ကြီးတစ်ကောင်ထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်နေတာဟုတ်တယ်။ အဲ့နေ့ညနေက ကား ၅ စီးဟုတ်တယ် ကျနော်တွေ့ခဲ့တာ လူ ၁ ဦးသေသွားတယ်။ ၁ ယောက်က ခေါင်းပေါက်သွားတယ် နောက်တစ်ယောက်က ရင်ဘတ်မှာ သွေးထွက်တယ် ၂ ယောက်ဒဏ်ရာရထားတယ် ကျနော်တွေ့ခဲ့တာအဲ့လောက်ပဲ။ ကျန်ဘယ်သူတွေ ထိခိုက်သေဆုံးသေးလဲ အသေးစိတ်မသိပါဘူး” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ ဆင်ရိုင်းတိုက်ခိုက်လို့ သေဆုံးသွားသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ဦးရဲကျော်ဆိုသူဖြစ်ပြီး ပူတာအို– မြစ်ကြီးနားလမ်းပိုင်း ကားပြေးဆွဲတဲ့ ကားသမားဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကား ၅ စီးထဲမှာ ဓါတ်ဆီတင်ကားတစ်စီးပါဝင်ပြီး ချောက်ထဲကျသွားတဲ့အပြင် နောက်ထပ်ခရီးသွားကားတစ်စီးလည်း လုံးဝပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေ ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်ဘက်ကနေ တက်လာတဲ့ကားတွေလည်း ပြန်လှည့်သွားသူတွေရှိသလို ပူတာအိုကနေဆင်းတဲ့ ကား၊ဆိုင်ကယ်တွေ မဆင်းရဲဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ “အဲဒီဆင်ကြီး လမ်းမှာတင်စောင့်နေပြီး ခရီးသွားကားတွေလာပြီဆိုရင် တိုက်ခိုက်တယ်။ အဲဒီညနေက အဲလိုဖြစ်ကတည်းက ပူတာအိုကနေ ကားတွေမဆင်းရဲတော့ဘူး။ မနှစ်တုန်းကလည်း အဲဒီဆင်ပဲ။ အဲဒီလို လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တာ။ မနှစ်ကလည်းလူသေဆုံးမှုရှိတယ်။ ဒီနှစ်လည်း အခုလို ထိခိုက်သေဆုံးမှုပြန်ဖြစ်တယ်။ ဒီလိုဖြစ်လည်း အရေးပေါ် ကယ်ဆယ်ရေးကားတွေ မရောက်လာနိုင်ဘူး။ ဒီလိုကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဖြေရှင်းပေးသင့်တယ်လို့တော့ မြင်တယ်”လို့ နောက်ထပ်ပူတာအိုဒေသခံအမျိုသားတစ်ဦးကလည်း ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ပူတာအိုမရောက်ခင် ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲမှာ လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင် ရောက်လာပြီး လိုက်လံတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးထဲက တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ By – ဂျာဘောက်ရာ The post ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး appeared first on Kachin News Group (KNG). Source link
ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ ကျန်တယ်။ အကောင် သုံးဆယ်ကျော်ခိုးသွားတယ်။ပြီး တော့ ဝက်လည်းပျောက်တယ် ခနနပဲ”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း နာမ်ရှယ်ကျေးရွာထဲက ကျောင်းဆရာမတွေနေတဲ့အဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်း(ခလုတ်ဖုန်း)၊ပါဝါဘတ်နဲ့ ငွေသားတွေခိုးယူခံလိုက်ရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။ “ဆရာမတွေနေတဲ့အိမ်တောင်ဝင်ခိုးသွားတယ်လူလစ်တဲ့ချိန်ဝင်ခိုးတာ ပိုက်ဆံက ကျောင်းရံပုံငွေတွေဆယ်သိန်းကျော်ခိုးသွားတယ်ပြီးတော့ဆရာတွေရဲ့ဖုန်းနဲ့ ပါဝါဘတ်တွေပါသွားတယ် မိတဲ့ခိုးတဲ့လူကိုတော့ အခုအချုပ်ခန်းပို့လိုက်တယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ကျောင်းဆရာမတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူသူနှစ်ဦးဟာ နမ်ရှယ်ကျေးရွာနေ အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့အသက် ၃၀ ကျော်အမျိူးသားတစ်ဦးတို့ဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကဖမ်းဆီးကာပူတာအိုမြို့မရဲစခန်း ရှိချုပ်ခန်းမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။ […]
နှစ်လခန့်ကြာကုန်သွယ်မှုရပ်နားခဲ့ရသည့် မြစ်ကြီးနား – ပူတာအိုလမ်းတွင် ယမန်နေ့မှစတင်ကာ ကုန်တင်ကားအချို့ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။ ဆန်အိတ်များတင်ဆောင်ထားသော တုန်ဟုန်းကားလေးစီး ပူတာအိုသို့ တက်သွားကြောင်း အဆိုပါလမ်းတွင် လုံခြုံရေးယူပေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ “ဆန်သယ်တဲ့ကားတွေသွားနေပြီ။ ကားအရမ်းကြီးတော့မများဘူး ဆန်အိတ်တွေ အပြည့်ပြည့် တင်ထားတယ်။ ကုန်တင်ထားတဲ့ ပုံစံကိုကြည့်ရတာ ပူတာအိုထိသွားမယ့်ပုံပဲ။ ပူတာအိုဘက်ကနေ ပြန်ဆင်းလာတဲ့ကားတွေလည်းတွေ့တယ်။ အဲ့ကားတွေကတော့ အလွတ်ပဲနှစ်စီးတွေ့တယ်” ဟုပြောသည်။ အဆိုပါလမ်းပိုင်းတွင် အိမ်စီးကားကဲ့သို့သော ကုန်တင်ကားအသေးများမှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့မှစတင်ကာ သွားလာနေကြောင်း သူကပြောသည်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းမှာ တိုက်ပွဲကြောင့် သုံးလကြာပိတ်ထားခဲ့ရာ ဇွန်လ ၈ ရက်နေ့တွင် နှစ်ဖက်တပ်များပြန်ဖွင့်ခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုနှင့် […]