ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နေပြည်တော် ပွဲဆူကုန်ပြီဗျို့။ တရုတ်က ပြန်လာတဲ့ မအလ ကြိုဆိုပွဲ ဗုံးပေါက်ကွဲ။ ဘောသရုပ်ဆောင် ခန့်စည်သူ၊ ရန်အောင်၊ ဒိန်းဒေါင် မသာပေါ်ပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
The Print:- တရုတ်လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ် ကျခံပြီးနောက် ထောင်က လွတ်လာပြီဖြစ်ပြီး တရုတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သော ကွမ်ရှီးပြည်နယ်ရှိ နန်နင်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်း ပြန်လည်လွတ်မြောက်လာခြင်းသည် တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးကို ကာကွယ်ရန် ၎င်း၏ ဥပဒေရေးရာ ဆောင်ရွက်ချက်များကို ပစ်မှတ်ထားသည့် လုပ်ရပ်အဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူများက ရှုမြင်ထားသည့် ပြစ်ဒဏ်ချမှတ်မှု အဆုံးသတ်သွားခြင်းဖြစ်သည်။ “လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ်ကျခံပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထောင်မှ ပြန်လွတ်လာပြီး ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကျင်းယောင်ဖေးသည် ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ၎င်းအား ထောင်ချခြင်းသည် ၎င်း၏ ငြိမ်းချမ်းသော တရားဝင် လူ့အခွင့်အရေး လုပ်ဆောင်ချက်များကို […]
RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ Red News Agency Source link