ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းတွေထဲကမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာနဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အနွေးဓာတ် ရရှိစေဖို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ OPPO Myanmar AED အနေနဲ့ ကျန်ရှိတဲ့ သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အိပ်ရာတွေကို ပြည်သူများ အေးချမ်းစွာ အိပ်စက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Image: OPPO OPPO Myanmar AED ဟာ မြန်မာပြည်သူတွေအတွက် လိုအပ်မဲ့အကူအညီတွေကို နေရာဒေသတိုင်းမှာ ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။ Image: OPPO OPPO အကြောင်း OPPO သည် ကမ္ဘာ့ထိပ်တန်း Smart […]
ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ရရှိလာတဲ့အလှူငွေ ကျပ်သိန်း ၅၀ ထဲက လိုအပ်နေတဲ့နေရာတွေကို ထပ်မံလှူဒါန်းမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ “သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရေဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အလှူလေးလုပ် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ခုနစ်ရက်သားသမီးအပေါင်းတို့ရဲ့ စုပေါင်းအလှူဖြစ်ပါတယ်။ တောင်ငူက ရေဘေးသင့်ပြည်သူတွေ နားခိုကြတဲ့ သာသနာ့ဗိမာန်မှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ။ ရေဘေးကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေကို မြင်ရတော့ စိတ်ထဲလည်း မကောင်းပါဘူးဗျာ။ ခုလို ကိုယ်တိုင်သွားတဲ့အချိန်မှာလည်း သူတို့ ဘဝအမောတွေ ခဏတာပြေပျောက်စေမယ်လို့လည်း ထင်မိပါတယ်။ ဒီအလှူလေးကြောင့် ကြည်နူးသာဓုခေါ်ဆိုနိုင်ဖို့အတွက်လည်း ကျွန်တော်က ရည်ရွယ်ပါတယ်” လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။ ဟိန်းဝေယံတို့ လက်ရှိလှူဒါန်းမှူမှာ တောင်ငူမြို့ ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေး ပရဟိတ […]