ylliX - Online Advertising Network

နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ – Kachin News Group (KNG)

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်”လို့သူကပြောပါတယ်။ ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်–နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်”လို့  နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။ ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ တံတားပြန်ဆောက်ပေးဖို့အတွက် […]