ylliX - Online Advertising Network

ထိုင်းက ကျောင်းကားမီးလောင်မှုမှာ နစ်နာသူတွေကို ထောက်ပံ့ငွေထပ်ပေးဖို့ အရှိန်တိုးမြှင့်လုပ်ဆောင်နေ အမှတ်တရ ဘောလုံးကွင်း ဆောက်ပေးမယ်

ထိုင်းနိုင်ငံ ပထုန်ဌာနီမှာ အောက်တိုဘာလဆန်းပိုင်းကဖြစ်ပွားခဲ့တဲ့ ကျောင်းကားမီးလောင်မှုအတွင်း ထိခိုက်နစ်နာခဲ့ရသူတွေကို ထောက်ပံ့ငွေ ထပ်ပေးနိုင်ဖို့ အရှိန်တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပညာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ သုံးဦးသေဆုံးခဲ့သလို နောက်ထပ်ကျောင်းသား ၁၉ ဦးနဲ့ ဆရာ/ဆရာမ လေးဦးတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောင်းသား သုံးဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။   “အခြေခံပညာရေးကော်မရှင်ရုံး(OBEC)က ထိခိုက်နစ်နာသူတွေကို ကူညီထောက်ပံ့နေတာတွေကို  အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ OBEC ရဲ့ အတွင်းရေးမှူးချုပ် မစ္စတာ သာနုဝန်ဂျင်ဒါက ပြောပါတယ်။   OBEC ကနေ မတော်တဆမှုမှာ သေဆုံးခဲ့ရတဲ့ ဆရာမ သုံးဦးကို […]