နှစ်လခန့်ကြာကုန်သွယ်မှုရပ်နားခဲ့ရသည့် မြစ်ကြီးနား – ပူတာအိုလမ်းတွင် ယမန်နေ့မှစတင်ကာ ကုန်တင်ကားအချို့ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။ ဆန်အိတ်များတင်ဆောင်ထားသော တုန်ဟုန်းကားလေးစီး ပူတာအိုသို့ တက်သွားကြောင်း အဆိုပါလမ်းတွင် လုံခြုံရေးယူပေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ “ဆန်သယ်တဲ့ကားတွေသွားနေပြီ။ ကားအရမ်းကြီးတော့မများဘူး ဆန်အိတ်တွေ အပြည့်ပြည့် တင်ထားတယ်။ ကုန်တင်ထားတဲ့ ပုံစံကိုကြည့်ရတာ ပူတာအိုထိသွားမယ့်ပုံပဲ။ ပူတာအိုဘက်ကနေ ပြန်ဆင်းလာတဲ့ကားတွေလည်းတွေ့တယ်။ အဲ့ကားတွေကတော့ အလွတ်ပဲနှစ်စီးတွေ့တယ်” ဟုပြောသည်။ အဆိုပါလမ်းပိုင်းတွင် အိမ်စီးကားကဲ့သို့သော ကုန်တင်ကားအသေးများမှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့မှစတင်ကာ သွားလာနေကြောင်း သူကပြောသည်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းမှာ တိုက်ပွဲကြောင့် သုံးလကြာပိတ်ထားခဲ့ရာ ဇွန်လ ၈ ရက်နေ့တွင် နှစ်ဖက်တပ်များပြန်ဖွင့်ခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုနှင့် […]