(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၄ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေအကြား တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ မကြာခင် နိုဝင်ဘာ ၇-၈-၉ ရက်တွေမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် သတင်းက တရုတ်နိုင်ငံအစိုးရနဲ့ စစ်ကောင်စီတို့ ဘယ်လောက်ထိ နီးစပ်လာတဲ့ အချက်ကိုနောက်ထပ် သက်သေပြလိုက်တဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အစိုးရကို ခေါင်းဆောင်သူအနေနဲ့ အာဏာသိမ်းပြီး ၃ နှစ်ခွဲကျော်ကာလ အတွင်း အာဆီယံ အထူးအစည်းအဝေး ကိုယ်တိုင်တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို တကြိမ်၊ လက်နက်နဲ့ စစ်ပညာ ကျွမ်းကျင်မှုတွေ လေ့ကျင့်သင်ကြားပေးတဲ့ ရုရှားနိုင်ငံကို တကြိမ်သာ သွားရောက်ခဲ့ဖူးပြီး တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဥ်ဟာ ရှားပါးတဲ့ ခရီးစဥ်တခုဖြစ်သလို မြန်မာနိုင်ငံရဲ့ […]