Image via TechSpot ပြင်သစ်သတင်းမီဒီယာ TF1 ရဲ့ ကနဦးဖော်ပြချက်အရ Telegram အမှုဆောင်အရာရှိချုပ်နဲ့ ပူးတွဲတည်ထောင်သူ Pavel Durov ကို စနေနေ့ည ၈ နာရီခန့် Le Bourget လေဆိပ်မှာ ပြင်သစ်လေကြောင်းရဲတပ်ဖွဲ့ (Air Transport Gendarmerie-GTA) အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ သူဟာ အဇာဘိုင်ဂျန်ကနေ ပျံသန်းထွက်ခွာလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဆင်းသက်ချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ Durov ကို ဖမ်းဆီးမယ့် ဝရမ်းကို OFMIN (Office to Combat Violence Against Minors) ဆိုတဲ့လူငယ်အကြမ်းဖက်မှုဆန့်ကျင်ရေးရုံးက ထောက်ခံခဲ့ကာ Telegram ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ထောက်ပံ့ပေးနိုင်မှုများအပေါ် ပဏာမစုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်အာဏာပိုင်တွေက ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဓိက […]