ဘဂ္ဂဒက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကို ကာကွယ်ရန် “ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး ကျူးကျော်မှုကို တားမြစ်ရမည်” ဖြစ်သလို ချက်ချင်းအရေးယူလုပ်ဆောင်သင့်သည်ဟု အီရတ်နိုင်ငံ သမ္မတ Abdul Latif Rashid က အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် အလေးအနက် ပြောကြားခဲ့သည်။ Rashid ကလည်း အီရတ်နိုင်ငံ အနေဖြင့် “အိမ်နီးနားချင်းနိုင်ငံများအပေါ် ကျူးကျော်မှုပြုလုပ်ရန် ကြားခံနယ်ဖြစ်လာမည်ကို ငြင်းဆိုသည်” ဟု တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း အီရတ်သမ္မတရုံးက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး၊ လက်ဘနွန်-အစ္စရေး အသစ်တစ်ဖန် ဖြစ်ပွားသည့် ပဋိပက္ခများသည် ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိရာ အခြေအနေ […]