ဒေါက်တာဇင်မာကျော် နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy (MIL) Week) အဖြစ် သတ်မှတ်ထားပါသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “သတင်းအချက်အလက်များ၏ ဒစ်ဂျစ်တယ်နယ်ပယ်အသစ်၊ ပြည်သူ့အကျိုးပြု သတင်းအချက်အလက်များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု”ဟူ၍ ဖြစ်ပါသည်။ ဤဖော်ညွှန်းချက်သည် သတင်းအချက်အလက်များ လျင်မြန်စွာဖန်တီးပေါ်ထွက်လာမှု၊ ပျံ့နှံ့မှုနှင့် အသုံးပြုမှုတို့ကို လမ်းညွှန်ရာတွင် ဘေးကင်းစေရန်၊ ပိုမို ပေါင်းစည်းပါဝင်ကြရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် အနာဂတ်ဒစ်ဂျစ်တယ်ခေတ်တွင် အားလုံးအတွက် ပဓာနကျ အရေးပါပုံကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ အချက် ၅ ချက် သတ်မှတ်ပေးခဲ့ မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်အခင်းအကျင်း ပေါ်ထွန်းလာမှုကြောင့် ယင်း၏အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရေးမှာ အရေးပါလာပေသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ […]