ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာ(DANA)ရဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ဒီကနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းကနေ မနက်ဖြန် အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီအထိ တနင်္သာရီ၊ ကရင်၊ ကရင်နီ(ကယား)ပြည်နဲ့ မွန်ပြည်တို့ကလွဲပြီး ကျန်ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။ အခုလို ဆိုင်ကလုန်းမုန်တိုင်းဒါနာအရှိန်ကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အဲဒီလိုနေရာတွေမှာ နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီမိုးဇလက သတိပေးထားပါတယ်။ လတ်တလော ဒါနာဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေပြီး မနက်ဖြန် […]