ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း၊ အားကစားရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း Source link
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၇ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နောက်ခံဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှုအခြေအနေများ၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလံများ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လျှာထိုးကြမ်းခင်း ခင်းကျင်းပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အလေးမအားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက် နှင့်စနူကာအားကစားရုံ၊ တင်းနစ်ပြိုင်ပွဲကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ(၃)တွင် […]