ခရီးသွားရာသီတွင် လမ်းများကောင်းမွန်ရေး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်မြှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် နိုဝင်ဘာ (၁၉) ရက်က ကျင်းပရာတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မှ တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်-ပုသိမ် လမ်းပိုင်းအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို အဓိကထားမှာကြားခဲ့ပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းစီမံချက်များနှင့် လမ်းအသုံးပြုရန် အချိန်မီပြီးစီးရေးဆောင်ရွက်သွားမည့် အစီအမံများ၊ လမ်းအထူးအဖွဲ(၂၁)၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင် လမ်းဦးစီးဌာန […]
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက အချို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ယမန်နှစ် အောက်တိုဘာ လကုန်ခါနီးက စလို့ စစ်ဆင်ရေး ၁၀၂၇ ပထမအကျော့မှာ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ သိန္နီ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင် အစရှိတဲ့ မြို့တွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အခြားသော ပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တဖန် ယခုနှစ် ဇူလိုင်လမှာ ပြန်လည်စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာတော့ ကျောက်မဲ၊ […]