ပဲခူးတိုင်းအတွင်း လမ်းသွားလမ်းလာလူငယ်အမျိုးသားများကို စစ်ကောင်စီကဖမ်းဆီးနေပြီး တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေး အဖွဲ့များက ပြောသည်။ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့လမ်းဆုံတွင် စခန်းချထားသည့်စစ်ကောင်စီ၏လုံခြုံရေးကင်းစခန်းသည် လမ်းသွားလမ်းလာ လူငယ် ၂၅ ဦးထက်မနည်းကိုဖမ်းဆီးပြီး ပန်းတောင်းမြို့အမြှောက်တပ်ထဲသို့ ပို့ဆောင်ခဲ့သည်ဟုပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုကပြောသည်။ ဖမ်းဆီးခံရသူများအနက် အသက် ၁၈ နှစ်နှင့်အောက်လူငယ်များကို တပ်သားသစ်အဖြစ် စစ်သင်တန်းတက်ခိုင်းရန် ပြင်ဆင်နေပြီး အသက် ၁၈ နှစ်မပြည့်သေးသူများအား ပိုက်ဆံသိန်းချီတောင်းကာ မိဘများကို ပြန်ရွေးခိုင်းနေသည်ဟုလည်း ထိုအဖွဲ့ကဆိုသည်။ “ခုက ဆိုင်ကယ်စစ်၊ ဖုန်းစစ်ရင်းနဲ့ ဖမ်းတယ်ဆိုလို့ အပြင်သွားရင် ဖုန်းမယူတာ ကယ်ရီနဲ့ သွားနေရတာအကျင့်ဖြစ်နေပြီ” ဟု ဒေသတွင်းအခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်တပ်၏အဆိုပါအဖမ်းအဆီးသည်ယခုလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ်(၇) အတွက် သင်တန်းသားကြိုတင်စုဆောင်းခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ […]