ylliX - Online Advertising Network

PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။ အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပကဖ အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) […]

အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဝက်လက်က ပကဖအဖွဲ့၀င် သေဆုံး

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်မှာ အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ နယ်မြေပိုင် ၀က်လက်မြို့နယ်၊ သမရိုးရွာမှာ တပ်ရင်း ၁ အဖွဲ့၀င်တွေနဲ့ ကျေးရွာပကဖ၀င်တွေဟာ ပြည်သူတွေဆီက အလှူခံခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။   အလှူခံနေချိန် သမရိုးရွာနေ ကိုပေါက်ကျော်ဟာ ကျေးရွာပကဖခေါင်းဆောင် ကိုင်ဆောင်ထားတဲ့ အလှူခံဖလားအတွင်းက ၆၀၀၀ ကျပ်ကို စနောက်ယူသွားခဲ့တာကြောင့် ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီအကြောင်းသိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။   “သူက မူးပြီးတော့ ရွာကပကဖ အချင်းချင်းပြောင်တာလေ။ အလှူခံဖလားထဲက ငွေခြောက်ထောင် စနောက်ယူသွားတာကို အပြစ်လုပ်တာ။ အဲဒီနေ့ညနေလောက်(အောက်တိုဘာ […]

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ […]