ချင်းပြည်၊ ဖလမ်းမြို့နယ်က လုမ်သဲနဲ့ ဗားရ်ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေရှိရာ လုမ်သဲကျေးရွာထဲ လေကြောင်းနဲ့ ဗုံးသီး ငါးလုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ “အမျိုးသား လေးယောက်နဲ့ အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲထဲမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတွေလည်းရှိတယ်” လို့ အသက် ၂၈ နှစ်အရွယ် ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို […]