ylliX - Online Advertising Network

TikTok က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတတ်မြောက်မှုကို မြှင့်တင်ပေးမည် | Myanmar Tech Press

TikTok အနေနှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာ ဇာတ်လမ်းများကိုဝေမျှခြင်းမှစ၍ ခွဲခြားဆက်ဆံမှုများကို ချိုးဖျက်ခြင်းနှင့် ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးခြင်းစသဖြင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေကာ ယုံကြည်ရသည့် အရင်းအမြစ်များကို ရှာဖွေနိုင်အောင် ပံ့ပိုးကူညီပေးသည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့် TikTok ဗီဒီယိုဖန်တီးသူများ စုစည်းထားသည့် Fides ကွန်ရက်မှ တစ်ဆင့် ယုံကြည်စိတ်ချရသောအကြောင်းအရာများဖန်တီးရန်နှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဘရာဇီးရှိ Fides ကွန်ရက်မှ ဗီဒီယိုဖန်တီးသူများသည် အထောက်အထားအခြေပြု အကြောင်းအရာများကို ဖန်တီးရိုက်ကူးပြီး အသိပညာမြှင့်တင်ရန်အတွက် TikTok နှင့် ပူးပေါင်းသွားမည်ဖြစ်ပါသည်။ စိတ်ကျန်းမာရေးအခြေအနေများကို […]