“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ” (အောက်တိုဘာ ၉ ၁၉၈၂)(လုပ်သားပြည်သူ့နေ့စဥ် သတင်းစာပါ… မူရင်းအတိုင်း) ကနေ့ပြောမှာကတော့ဖြင့် အရေးကြီးတဲ့ဥပဒေပေါ့လေ၊ မြန်မာနိုင်ငံသားဥပဒေအကြောင်းကိုပဲ ရှင်းပြလိုပါတယ်။ ဒီဥပဒေအကြောင်း ရှင်းပြမယ်ဆိုလို့ရှိရင် နောက်ကဖြစ်ပျက်ခဲ့တာလေးကိုလဲပဲ မဖော်ပြလို့ မဖြစ်ပါဘူး၊ သမိုင်းကြောင်းကို ပြောတဲ့အခါမှာ ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ သဘောမရှိပါဘူး၊ သို့သော်လည်း တကယ့်အဖြစ်အပျက်တွေကို ပြောရတာမို့လို့ တစ်ခါတလေ ထိများထိခိုက်မလားတော့ မပြောတတ်ဘူး၊ သို့သော်လည်း မထိခိုက်စေချင်ပါဘူး၊ ကျွန်တော် ရှောင်ပြီးတော့ပြောဖို့ ကြိုးစားပါမယ်။ ကျွန်ဘဝမြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော်ပြောပြပါမယ်၊ ၁၈၂၄ ခုနှစ် ဗမာပြည် တစ်စိတ်တစ်ဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးတဲ့နောက်၊ တစ်ဆင့်ပြီးတစ်ဆင့် စစ်ပွဲတွေဖြစ်ကြပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ဟာ၊ နိုင်ငံ ၁ ခုလုံး ကျွန်ဘဝရောက်သွားခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ […]