ကူမင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ရိုးရာအားကစား နိုင်ငံတကာ ကူးလူးဖလှယ်ရေး ပြိုင်ပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ အောက်တိုဘာလ ၂၁ ရက်အထိ ကျင်းပခဲ့ပါသည်။ ယခုအကြိမ်ပြိုင်ပွဲတွင် ကိုယ်ခံပညာ၊ ချိကုန်း၊ ဂိုကစားနည်းအပြင် နဂါးအက၊ ခြင်္သေ့အက စုံလင်လှသော ရိုးရာယဉ်ကျေးမှု အင်္ဂါရပ် ၄ ခုပါဝင်ရာ နိုင်ငံနှင့် ဒေသပေါင်း ၂၇ ခုမှ ကစားသမား ၇၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။ ယင်းအနက် နဂါးအက၊ ခြင်္သေ့အကတွင် အဖွဲ့ ၁၄ ဖွဲ့ပါဝင်ပါသည်။ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှ နဂါးအကအဖွဲ့ကို ဦးဆောင်သူ ချန်ဟန်ဝီ(Chan Hong Kin)က တရုတ်နိုင်ငံကို ၁၉၉၉ ခုနှစ်မှာ […]