နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ အမေရိကန်ကာကွယ်ရေးတပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျာလန်အလော့မှာ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံမှုအတွင်း အဲဒီလိုပြောကြားခဲ့တာပါ။ “နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံပါဝင်ကြတဲ့အတွက် တော်လှန်ရေးဟာ အောင်မြင်မှာပါ။ ဘက်ပေါင်းစုံမတူညီတဲ့အလွှာကနေ ပူးပေါင်းဆောင်ရွက်တဲ့အတွက် အားရတယ်။ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း ကျရာကဏ္ဍက တက်ကြွစွာပါဝင်တဲ့အတွက် နွေဦးတော်လှန်ရေးပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာရှိနေပြီ” လို့ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံသား ၃၀၀ ခန့် တက်ရောက်ခဲ့တဲ့ ဒီတွေ့ဆုံပွဲကို မလေးရှားရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံအခြေစိုက် […]