ylliX - Online Advertising Network

မိုးမောက်မြို့ကိုပြန်သိမ်းရန်  ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်းရှိ  မိုးမောက်မြို့၊ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။ ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ကာ ၄ လခန့် အကြာတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။  ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းကို ပြန်ရလိုသဖြင့် အဓိက အားပြုသည်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်၊  လက်နက်ကြီးပစ်ကူနှင့်  ဒရုန်းများကိုပါ အများအပြား အသုံးပြုပြီး ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “နောက် ဒရုန်းက တိုက်ပွဲပြင်းထန်တဲ့နေ့တွေဆို တစ်ခါသုံးရင် ဒရုန်းအလုံးတစ်ဆယ်ကျော် ဗုံးလာကြဲတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ […]