အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ရေးသားဖြန့်ဝေနေကြပါတယ်။ ဒီရေးသားဖြန့်ဝေမှုတွေထဲမှာတော့ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့ပြီး ကမ်မလာဟဲရဟစ်နဲ့ ဂျိုးဘိုက်ဒန်က ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းမျိုးထုတ်ကာ ဖြန့်ဝေနေကြပါတယ်။ မူရင်းဖော်ပြမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ အကြောင်းအရာကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖော်ပြထားကြပါတယ်။ သတင်းဆန်းစစ်ချက် အမေရိကန် ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ထရမ့်က ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအပေါ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း […]