Credit to Popular Journal – ဘူမိဥယျဉ်နယ်မြေတစ်ခုဖြစ်သော လူသူမနေသည့် ဝေးလံသီခေါင်သော ကျွန်းတစ်ခုပေါ်တွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဟောင်ကောင်မြို့တော်မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါရုပ်ကြွင်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၅ သန်းမှ ၆၆ သန်းခန့်ကရှိခဲ့သော ခရီတာဆီးယပ်စ်(Cretaceous) သက်တမ်းမှ ကြီးမားသော ဒိုင်နိုဆောတစ်ကောင်၏ အစိတ်အပိုင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ကနဦး အနေဖြင့် အတည်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် အစိုးရက ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ဒိုင်နိုဆော၏ မျိုးစိတ်ကို အတည်ပြုနိုင်ရန် ထပ်မံလေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ရန် လိုအပ်မည်ဟု ဆိုသည်။ ဒိုင်နိုဆော ေ-သဆုံးခဲ့ပြီးနောက် သဲနှင့် ကျောက်စရစ်ခဲများက ဖုံးအုပ်သွားခဲ့ဖွယ်ရှိကာ နောက်ပိုင်း၌ ကြီးမားသည့် ရေလွှမ်းမိုးမှုဖြစ်စဉ်တွင် ပြန်ပေါ်ထွက်လာကာမျောနေခဲ့ပြီး နောက်ဆုံးတွင် လက်ရှိတွေ့ရှိခဲ့သောနေရာ၌ […]