ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နေအိမ်ငါးလုံးထက်မနည်းကိုလည်း ဝင်ရောက်စစ်ဆေးကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်က အသက် ၃၀ အရွယ် ကိုသူရအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သမက်နှင့် သံပန်းလုပ်ငန်း လုပ် ကိုင်သည့် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ နိုဝင်ဘာလ ၉ရက် ညတွင် ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားဘက်ရှိ နေအိမ်တွင် ကိုသူရအောင်နှင့် မင်းရပ်ကူးတို့အနီး သံပန်းလုပ်ငန်းလုပ်နေသည့် အမျိုးသားတစ်ဦးတို့ စတင်ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေသူများက ပြောဆိုသည်။ ယင်းညတွင်ပင် သံပန်းလုပ်သည့် အမျိုးသား၏ အိမ်နှင့် ၎င်းမိဘ၏ အိမ်တို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက် စစ်ဆေးကာ ဓာတ်ပုံရိုက်သွားခဲ့ပြီး သံပန်းလုပ်ရာတွင်သုံးသည် လေအိုးနှင့် ပစ္စည်းကိရိယာများကို သိမ်းသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည် […]
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းဆိပ်ကမ်းမှာ ဆီတင်သင်္ဘော မီးလောင်မှုအတွင်း လူရှစ်ဦးသေဆုံးခဲ့ရတယ်လို့ ထားဝယ်မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မီချီလီအမည်ရှိ ဆီသင်္ဘောဟာ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်ကနေ ဒီကနေ့ မနက် ၈ နာရီခွဲခန့်အထိ ၁၆ နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့တာပါ။ ဒါကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရတဲ့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသလို အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။ အဲဒီဆီတင်သင်္ဘောဟာ B29 ဆီသိုလှောင်ကန်ထဲ စက်သုံးဆီထည့်နေချိန် မီးလောင်ကျွမ်းခဲ့တာကြောင့် ဆီသယ်သင်္ဘောပေါ်ရှိ ဒီဇယ်နဲ့ ဓာတ်ဆီ လီတာ တစ်သိန်းလောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ […]