Credit to Popular Journal – ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်၏ အဆိုးဝါးဆုံးမုန်တိုင်းကြောင့် လူ ၁၀၀ ကျော် ေ-သဆုံးခဲ့ပြီး ရက်ပိုင်းအကြာ၌ပင် နောက်ထပ်မုန်တိုင်းတစ်လုံးအတွက် အောက်တိုဘာ ၂၈ ရက်တွင် သတိပေးချက်ထုတ်ပြန်ရပြန်သည်။ အောက်တိုဘာ ၂၂ ရက်က ဝင်ရောက်ခဲ့သည့် အားပြင်း အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ရေကြီးခြင်းနှင့် နေအိမ်များဆုံးရှုံးခြင်း တို့ဖြစ်ခဲ့ပြီးနောက် လူပေါင်း တစ်သန်းနီပါးသည် ကယ်ဆယ်ရေးဌာနများ သို့မဟုတ် ဆွေမျိုးနီးစပ်များထံတွင် ခိုလှုံနေကြရဆဲဖြစ်သည်။ ယခုအခါ နိုင်ငံတော်မိုးလေဝသဌာနက မိုးသည်းထန်မှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်မည့် အပူပိုင်းမုန်တိုင်း Kong-rey သည် လာမည့်နာရီပိုင်းအတွင်း ကုန်တွင်းပိုင်းကို ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် အရှေ့ပိုင်းကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်သည် လှိုင်းကြီးလေထန်မှုများဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ Kong-rey သည် အောက်တိုဘာ ၂၉ ရက်တွင် တိုက်ဖွန်းမုန်တိုင်းအဖြစ် အားကောင်လာမည်ဖြစ်ကာ အစောဆုံးအဖြစ် […]