၂၅. ၁၀. ၂၀၂၄Written by Tha Doe မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ မုန့်ဟင်းခါး၊ အမဲသား၊ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း အမေရိကန် အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS (food safety and inspection service) က သတိပေးတားမြစ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံက FSIS က အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ Best အသားဟင်း စည်သွပ်ဗူးအမဲနှပ်၊ ဘဲသွေးနဲ့ ရှယ်ကြက်သားဒံပေါက်၊ ထိမိဂွိမော်လမြိုင်မုန့်ဟင်းခါး၊ အိမ်ချက် မုန့်ဟင်းခါးဟင်းရည်အနှစ်နဲ့ အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်၊ မင်းသားကြီး ငါးကျည်းကျက် ငါးခြောက်စတဲ့ စားသောက်ကုန်တွေပါဝင်ပါတယ်။ ဒီထုတ်ကုန်တွေမှာ တရားဝင်ခွင့်ပြုချက်မပါသလို၊ USDA စစ်ဆေးချက်အမှတ်အသားလည်း မပါဘူးလို့ သတိပေးချက်မှာဖော်ပြထားသလို […]